နေပြည်တော် ၂၀ ဧပြီ
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ရွှေတောင်ကျေးရွာတွင် ဧပြီလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခွဲက ငှက်ပျောဖူးသဏ္ဍာန် ဗုံးသီးဟောင်း(၁)လုံးတွေ့ရှိကြောင်း သိရသည်။
ရွှေတောင်ကျေးရွာ ဦးဆန်းဝင်း(၄၇)နှစ်သည် ၎င်း၏ခြံဝင်းအတွင်း နေအိမ်ဆောက်လုပ်ရန် မြေတူးဖော်စဉ် အလျား (၃)ပေ (၂)လက်မခန့်၊ လုံးပတ် (၃)ပေ (၆)လက်မခန့် ငှက်ပျောဖူးသဏ္ဍာန် ဗုံးသီးဟောင်း (၁)လုံး တွေ့ရှိခဲ့ကြောင်း သတင်းအရ မြို့သာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ပြီး အဆိုပါ ဗုံးသီးအား တာဝန်ရှိသူများထံ အပ်နှံခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
MDN


