မော်လမြိုင်       ၂၀  ဧပြီ

 

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ကုန်းတော်တွင် တည်ထားကိုးကွယ်လျက်ရှိသော ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရွှေထီးတော်၊ ရွှေငှက်မြတ်နားတော်နှင့်  ရတနာစိန်ဖူးတော်များကို တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ဒေသစာရီကြွချီအပူဇော်ခံလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်မှ မော်လမြိုင်မြို့ ကျိုက်သလ္လံစေတီတော်မြတ်သို့ ပင့်ဆောင်ပူဇော်သည်။

 

mdn

 

ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် ဗုဒ္ဓရုပ်ပွားတော်များ၊ ရတနာ စိန်ဖူးတော်များ၊ ရွှေဌက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်တို့အား ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်မှ ကျိုက်သလ္လံစေတီတော်မြတ်သို့ ပင့်ဆောင်ပူဇော်ရာ သံလွင်တံတား(မော်လမြိုင်) ထိပ်တွင် ပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးရွှေမြင့်၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဝတ်အသင်းအဖွဲ့များနှင့် ကျိုက်သလ္လံစေတီတော်ဂေါပကအဖွဲ့ဝင်များက ကျိုက်သလ္လံစေတီတော်မြတ်သို့ ပင့်ဆောင်ပူဇော်ခံသည်။

 

အဆိုပါ ပင့်ဆောင်ပူဇော်ခြင်းအထိမ်းအမှတ် ထာဝရငြိမ်းချမ်းရေးဓမ္မသဘင်ကို ညပိုင်းတွင် ကျိုက်သလ္လံစေတီတော်ရင်ပြင်၌ ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကမှ ငြိမ်းချမ်းရေးတရား တော်ကို ဟောကြားချီးမြှင့်မည်ဖြစ်သည်။ ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော် မူမည့် ဗုဒ္ဓရုပ်ပွားတော်များ၊ ရွှေထီးတော်၊ ရွှေငှက်မြတ်နားတော်နှင့် ရတနာစိန်ဖူးတော်များအား ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ကြွချီပူဇော်ခံလျက်ရှိရာ ဧပြီ ၂၁ ရက်နေ့တွင် မော်လမြိုင်မြို့မှ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့သို့ ကြွချီအပူဇော်ခံသွားမည့်ဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 

MDN

 

mdn