မော်လမြိုင် ၂၀ ဧပြီ

 

နေပြည်တော်ရှိ ထာဝရငြိမ်ချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓ ရုပ်ပွားတော်များ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်များ ပင့်ဆောင်ပူဇော်ခြင်း အထိမ်းအမှတ် ထာဝရငြိမ်းချမ်းရေးဓမ္မသဘင်ကို ယနေ့ည ၇ နာရီ ၄၅ မိနစ်က မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ကျိုက်သလ္လံစေတီတော်ရင်ပြင်တွင် ကျင်းပသည်။

 

1

 

ထာဝရငြိမ်းချမ်းရေးဓမ္မသဘင်တွင် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကက ငြိမ်းချမ်းရေးတရားဒေသနာတော်များ ဟောကြားချီးမြှင့်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာ အေးဇံနှင့်ဇနီး၊ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိ၊ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျိုက်သလ္လံ စေတီတော်ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးအ သင်းအဖွဲ့များ၊ အလှူရှင်များ၊ ဝတ်အသင်းအဖွဲ့များနှင့်  ပြည်နယ်အတွင်းရှိ တရားချစ်ခင်သူတော်စင်များက  တရားတော်ကို နာယူကြည်ညိုကြသည်။

 

1

 

ယနေ့ နံနက်ပိုင်းက စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်များအား မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးစေတီတော်မှ မော်လမြိုင်မြို့ရှိ သမိုင်းဝင် ကျိုက်သလ္လံစေတီတော်သို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဝတ်အသင်းအဖွဲ့များက ပင့်ဆောင်ပူဇော်ကြရာ လမ်းတလျှောက်တွင် ဒေသခံပြည်သူများက ဖူးမြော်ကြည်ညိုကြပြီး စေတီတော်တည်ထားကိုးကွယ်ရေးအတွက် အလှူငွေများထည့်ဝင် လှူဒါန်းကြသည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ထာဝရငြိမ်းချမ်းရေးရရှိရန်၊ ထေရဝါဒဗုဒ္ဓသာသနာ အဓွန့်ရှည် ထွန်းကားပြန့်ပွားစေရန်နှင့် ခုနစ်ရက်သားသမီးများ ဖူးမြော်ပူဇော်နိုင်ရန် ရည်မှန်းကာ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ထာဝရငြိမ်းချမ်းရေးစေတီတော်အား တည်ထားကိုးကွယ်လျက်ရှိပြီး စေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရတနာစိန်ဖူးတော်၊ ရွှေငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်များအား တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၁ ခုသို့ ဒေသစာရီလှည့်လည်အပူဇော်ခံလျက်ရှိသည်။

 

(ဟန်လင်းနိုင်)

 

1