စေတုတ္တရာ ၂၁ ဧပြီ
စေတုတ္တရာမြို့နယ်အတွင်းရှိ ကျောင်းသား ကျောင်းသူများ မိမိတို့မြို့နယ် သမိုင်းအကြောင်းကို သိရှိနိုင်စေရန် ရည်ရွယ်၍ ၂၀၁၄ ခုနှစ်၊ စာပေဗိမာန်စာမူဆု သုတပဒေသာ(ဝိဇ္ဇာ) တတိယဆုရ စာအုပ်ဖြစ်သော “မုန်းချောင်းရေပြာ စေတုတ္တရာ” စာအုပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှထွန်းမှ စေတုတ္တရာ မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းပါင်း ၁၁၂ ကျောင်းအတွက် တစ်ကျောင်း လျှင် တစ်အုပ်နှုန်းဖြင့် “မုန်းချောင်းရေပြာ စေတုတ္တရာ” စာအုပ်ပေါင်း (၁၁၂)အုပ်အား လှူဒါန်းခဲ့ရာ မြို့နယ်ပညာရေးမှူး ဦးသောင်းစိန်က လက်ခံခဲ့ကြောင်း သိရသည်။
စည်သူလွင်(ပြန်/ဆက်)


