အိမ်မဲ  ၂၁  ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်အတွင်းရှိ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရန်နှင့် မိုးတွင်းအခါရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးအတွက် ရေမြောင်းဖော်ခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းမှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

df

 

“ကျွန်တော်တို့အနေနဲ့ မကြာခင် မိုးတွင်းကာလ ရောက်ရှိတော့မှာဖြစ်တဲ့အတွက် ရေမြောင်းတွေမှာ အမှိုက်သရိုက်တွေ ပိတ်မနေဖို့နဲ့ အရင်ရှိပြီးသား ရေမြောင်းတွေကို အနက်နှိုက် တူးဖော်ပေးခြင်းအားဖြင့် ရေကြီးရေလျံမှုတွေ မဖြစ်ပေါ်နိုင်သလို မိုးတွင်းကာလမှာ ရေဝပ်နေရင် ခြင်တွေပေါက်ဖွားပြီး သွေးလွန်တုပ်ကွေးရောဂါပါ ကာကွယ်ပြီးသားဖြစ်တာမို့ ယခုလို လိုက်လံဆောင်ရွက်နေတာ ဖြစ်ပါတယ်၊ မြို့နယ်အတွင်းက အခြားသောလမ်းတွေမှာလည်း ဆောင်ရွက်ဖို့ရှိပါတယ်”ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမင်းဇော်က ပြောသည်။

 

ထိုသို့ လုပ်ဆောင်ရာတွင် အိမ်မဲမြို့နယ်အတွင်း အဓိကမိန်းလမ်းမကြီးဖြစ်သည့် (၁)လမ်းနှင့် (၂)လမ်းတစ်လျှောက်ရှိ ရေမြောင်းများတွင် ပိတ်ဆို့အမှိုက်များ ရှင်းလင်းဖယ်ရှားခြင်း၊ ရေမြောင်းများ မတိမ်ကောစေရန်အနက်နှိုက်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

 


ချစ်သက်လယ်(အိမ်မဲ)

 

f