မန်တုံ ၂၁ ဧပြီ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကျန်းမာရေးရာအခြေပြု အကြမ်းဖက်မှု ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက မန်တုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် (IRC)အဖွဲ့ဝင် ဆရာမ ဒေါ်မာဘောက်မှ ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်သူများမှ မိမိတို့၏ အတွေ့အကြုံများကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ တအာင်း(ပလောင်)ယဉ်ကျေးမှု၊ ကချင်ယဉ်ကျေးမှု၊ ရှမ်းယဉ်ကျေးမှု၊ စိန်ပေါလ်မူကြိုဆရာမ၊ ဆိုင်းလီမူကြို ဆရာမ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့တို့မှ အသင်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
လွေးအေးတင်(ပြန်/ဆက်)


