ပြင်ဦးလွင် ၂၁ ဧပြီ   

 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် ကုတင် ၃၀ဝ ပြည်သူ့ဆေးရုံကြီးတွင် ထိုင်းနိုင်ငံမှ Plastic Surgeon ဆရာဝန်ကြီးများ၊ မျက်နှာမေးရိုးခွဲစိတ်ဆရာဝန်ကြီးများ ပူပေါင်းပြီး နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား အခမဲ့ကုသပေးမည်ဖြစ်ကြောင်းသိရသည်။

 

အနယ်နယ် အရပ်ရပ်မှ ကျား၊ မ အသက်အရွယ်မရွေး ကုသလိုသူများ အနေဖြင့် ဧပြီ ၁၉ ရက်မှ ၂၅ ရက်အထိ စာရင်းပေးသွင်းနိုင်ကြောင်း ပြင်ဦးလွင် ပြည်သူ့ဆေးရုံကြီး၌ပင် ခွဲစိတ်ကုသပေးမည်ဖြစ်ကြောင်း နှုတ်ခမ်းကွဲ အာခေါင်ကွဲအပြင်မီးလောင်ဒဏ်ရာများကိုလည်း ပြသဆွေးနွေးနိုင်ကြောင်း သိရသည်။

 

ခရီးစရိတ်ကိုလည်း ခန့်မှန်း ၂ ဦးစာ စိစစ်ထောက်ပံ့မည်ဖြစ်ကြောင်း အသေးစိတ်စုံစမ်းလိုပါကလည်းကောင်း စားရင်းပေးသွင်းလိုပါကလည်းကောင်း ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီး သွားနှင့်ခံတွင်းကုသဌာန သို့တိုက်ရိုက်သွားရောက်စုံစမ်းပေးသွင်းနိုင်ပြီး ဒေါက်တာ ယဉ်မင်းစိုးကြည်  ဝ၉-၆၈၉၈၅၀၁၆၅ နှင့် ဒေါက်တာ သက်မျိုးထက်   ဝ၉-၆၈၉၈၇၂၉၅၀ သို့လည်းကောင်း ဆက်သွယ်မေးမြန်းစာရင်းပေးသွင်းနိုင်ကြောင်းသိရသည်။

 

ကိုမင်း(အင်းတော်)