မုဒုံ  ၂၁    ဧပြီ       
         

 

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ကံ့ကော်ပန်းအဝိုင်းအနီး တည်ထားကိုးကွယ်လျက်ရှိသော ထာဝရငြိမ်းချမ်းရေးစေတီတော်၌ တင်လှူပူဇော်မည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်နှင့် ကိန်းဝပ်စံပါယ် တော်မူမည့် အမြင့်(၆) ပေ၊အကျယ်(၅)ပေရှိသော စကျင်ဗုဒ္ဓရုပ်ပွားတော်(၂)ဆူတို့အား ယနေ့နံနက် ၉ နာရီ တွင် ရဟန်းရှင်လူပြည်သူအများ ကုသိုလ်ယူ ပူဇော်နိုင်ရန် အတွက် မော်တော်ယာဉ်များဖြင့် မော်လမြိုင် မြို့မှ မုဒုံမြို့၊ မြို့မ(၃)ရပ်ကွက်၊ မော်သံလမ်း၊ ရွှေဟင်္သာဈေးရှေ့သို့ ရောက်ရှိ အပူဇော်ခံရပ်တန့်ခဲ့ရာ ဘုရားဖူးပြည်သူများ ဖူးမျှော်ခဲ့ကြပြီး ရွှေဟင်္သာဈေးရှေ့မှသံဖြူဇရပ် မြို့သို့ ဆက်လက်ကြွချီခဲ့ကြောင်း မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 


MDN