ရန်ကုန် ၂၁ ဧပြီ
ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ (၇၂)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပွဲနှင့် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ကဆုန်လပြည့်နေ့တွင် မြို့ကြက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ယခုနှစ်တွင် မြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ ဆရာတော်နှင့် သီလရှင်(၃၆၂)ပါးတို့အား ကဆုန်လပြည့်နေ့ မွန်းလွဲ ၃ နာရီတွင် ဆွမ်းဆန်စိမ်း လောင်းလှူမည်ဖြစ်ရာ ပါဝင်ကုသိုလ်ပြု လှူဒါန်းလိုကြသည့် အလှူရှင်များအနေဖြင့် သာသနာ့ဗိမာန်ရုံးအဖွဲ့ ဖုန်း ဝ၅၆-၂၂၀၁၄၊ ဝ၅၆ -၂၂၀၁၅ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
သန်းဝင်း(သန်လျင်)


