မအူပင်  ၂၁  ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အတွင်း လူထုဟောပြောနည်းနှင့် မြန်မာ့ဂီတရသ အခြေခံသင်တန်း (အခမဲ့) ကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ဧပြီ ၂၂  ရက်မှ ၂၆ ရက် အထိ (၅) ရက်အကြာ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

dddd

 

သင်တန်းတွင် စာအုပ်၊ စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဥက္ကဋ္ဌ ဦးစောမောင် (စောမောင် ယော) က လူထုဟောပြောနည်းအမျိုးမျိုးနှင့် ကြိုတင်ပြင်ဆင်မှု ဟောပြောခြင်းအနုပညာကို သင်ကြားပို့ချ မည်ဖြစ်ပြီး (Book Club) နာယက ဦးပိုက်(တယောကိုပိုက်) က မြန်မာ့ဂီတရသ အခြေခံသည့် ယဉ်ကျေးမှုနှင့် အနုပညာရပ်များကို သင်ကြားပို့ချသွားမည် ဖြစ်သည်။

 

 

သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၂၅) ဦး တက်ရောက်မည်ဖြစ်ပြီး အဖွဲ့လိုက်ခေါင်းဆောင်များက လူထုဟောပြောနည်း စာတမ်းအားပြုစု၍ တစ်ဖွဲ့လျှင်တစ်ဦးဖြင့် လက်တွေ့ဟောပြော ဆောင်ရွက်မည်ဖြစ်ပြီး ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုများကို ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

 

အဆိုပါ သင်တန်းကို မအူပင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်၊ စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

 

 

ဝဠာနိုင်(ညောင်တုန်း)