အင်းတော် ၂၁ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် ရွာဟောင်းကျေးရွာ၌ သောက်သုံးရေအခက်အခဲဖြစ်နေ ကြောင်းသိရ သည်။
" ကျွန်တော်တို့ ရွာဟောင်းကျေးရွာသားများက ရွာဘေးချောင်းမှ လက်ယက်တွင်းကို အမှီပြုနေရပြီး သောက်သုံး ရေကိုသုံးကြရတာပါ။ အထူးသဖြင့် သာရေးနာရေးပွဲတွေမှာ သောက်သုံးရေ အခက်အခဲ နဲ့ကြုံတွေ့ရတယ်။ ရွာထဲမှာရေတွင်း လက်နှိပ်တုံကင်ကျင်းတွေ တူးမရဘူး။ ၅ ပေ ၁၀ အနက်မှာ ကျောက်ဖျာရှိတာ ကြောင့်ပါ။ ရေအလှူရှင်များပြုလုပ်လိုပါက ရွာအရှေ့ဘက် ၁ မိုင်ခန့်နဲ့ ၂ မိုင်နေရာတွေမှာ စိမ့်စမ်းရေ သွယ်လို့ရနိုင်ပါတယ်။ ကျွန်တော်တို့ရွာက ရွာငယ်လေးဖြစ်ပြီး ငွေကြေးတတ်နိုင်သူမရှိကြပါဘူး။ ဒါကြောင့် သောက်သုံးရေအခက်အခဲများ ဖြစ်နေရပါတယ် " ဟု ရွာခံတစ်ဦးကပြောသည်။
ကိုမင်း(အင်းတော်)


