မတ္တရာ ၂၁ ဧပြီ
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ဧပြီလ ၂၀ရက် ည ၁၁နာရီ အချိန်က လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၆လုံး အမိုးလန်ပျက်စီးပြီး နေအိမ် ၁ လုံး ပြိုလဲခြင်းများဖြစ်ပွားခဲ့သည်။
ထိုသို့ လေပြင်းတိုက်ခတ်မှုကြောင့် ပေါက်ဝဲကျေးရွာအုပ်စု ပေါပ်ဝဲကျေးရွာနေ ဒေါ်နုနု၏ (၃×၂) ခန်း ထရံကာ၊ သွပ်မိုးနေအိမ်၊ နန်းတော်ကျွန်းကျေးရွာအုပ်စု နန်းတော်ကျွန်းကျေးရွာနေ ဒေါ်အိထွန်း (၂ ×၂)ခန်း ထရံကာ၊ သွပ်မိုးနေအိမ်၊ ဒေါ်ဖြူဝင်း၏ (၂ ×၂)ခန်း ထရံကာ၊ သွပ်မိုးနေအိမ်၊ ဦးကျော်ဆန်းထက်၏ (၂ ×၂)ခန်း ထရံကာ၊ သွပ်မိုးနေအိမ်၊ ဦးသိန်းသန်းဝင်း၏ (၂ ×၂)ခန်း ထရံကာ၊ သွပ်မိုးနေအိမ်၊ နန်းတော်ကျွန်းကျေးရွာအုပ်စု သပြေသာကျေးရွာနေ ဦးသန်းထွန်းအေး၏ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ (၃×၂)ခန်းတို့သည် အမိုးလန်ပျက်စီးခြင်းများ ဖြစ်ပွားခဲ့ပြီး နန်းတော်ကျွန်းကျေးရွာနေ ဦးညီညီအောင်၏ (၂ ×၂)ခန်း သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ နေအိမ်မှာ ပြိုလဲခြင်းများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နေအိမ်ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စုများ နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် မြို့နယ်သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုကော်မတီမှ ကြီးကြပ်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)


