မန္တလေး ၂၁ ဧပြီ

 

သတင်းစာဆရာကြီး  ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၅)နှစ်ပြည့် အထိမ်းအမှတ်  အောက်မေ့ဖွယ် အခမ်းအနားကို  ယနေ့နံနက် ၈ နာရီက မန္တလေး၊ အမရ ပူရမြို့နယ် ဦးပိန်တံတားအနီးရှိ တောင်လေးလုံးကျောင်းတိုက် သူဌေးရင်ပြင်၌ ကျင်းပပြုလုပ်သည်။

 

အဆိုပါအခမ်းအနားတွင် ဆရာမောင်သစ်လွင်(လူထု)က “ဦးဝင်တင်က ဘယ်တော့မှ ကိုယ်ကျိုးမလုပ်ဘူး။  ဦးဝင်းတင်က သတင်းစာဆရာဆိုတော့ တိုင်းပြည်ဘာဖြစ်နေတယ်ဆိုတာသိတယ်။ သယ်သူကမှားနေတယ်၊ ဘယ်သူက မှန်နေတယ် ဆိုတာ အကုန်သိတယ်။ ဒါကိုသူက စည်းစည်းလုံးလုံးလုပ်ပေးကြဖို့ အမြဲဆောင်ရွက် တယ်။ ဦးဝင်းတင်က အမှန်တရားကို ဖော်ထုတ်ရဲတဲ့ သတ္တိရှိတယ်။ အဲဒီအတွက် ဦးဝင်းတင်ကို မေ့လို့မရပါဘူး” ဟု   ပြောကြားသည်။

 

သတင်းစာဆရာကြီး ဦးဝင်းတင် ကွယ်လွန်ခြင်း (၅)နှစ်ပြည့် အခမ်အနားသို့  မန္တလေးမြို့မှ စာရေးဆရာများ၊ ကဗျာဆရာများနှင့် သတင်းစာဆရာများ တက်ရောက်ခဲ့ပြီး ဆရာကြီးအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ်ငြိမ်သက် အလေးပြုခဲ့ကြသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)