တွံတေး ၂၂ ဧပြီ

 

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဒေသခံပြည်သူများအား အသိပညာပေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

တွံတေးမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ အနေဖြင့် နိုင်ငံတော် အဆောက်အဦများ၊ ရုံးဌာနများနှင့် ဒေသခံပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ဥစ္စာများအား မီးဘေးအန္တရာယ်ကြောင့် လေလွင့်ပျက်စီး ဆုံးရှုံးမှု မရှိစေရေးအတွက် မီးဘေးအသိ၊ မီးဘေးသတိ ရှိကြစေရန်နှင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရေးအတွက် မြို့နယ် မီးသတ်စခန်း တာဝန်ခံ ဦးစောမောင်သန်းနှင့် တပ်ဖွဲ့ဝင်များက မြို့ပေါ် ၈ ရပ်ကွက်နှင့် ကျေးရွာများတွင် မီးဘေးအန္တရာယ်နှင့် ပတ်သက်သည့် သိရှိလိုက်နာရမည့် အချက်များ၊ မီးလောင်မှုဖြစ်ပွားပါက အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် ဆက်သွယ်နိုင်သော ဖုန်းနံပါတ်များအား အသိပညာပေး လိုက်လံကြေညာ ဆောင်ရွက်ခြင်းများနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

 

မျိုးလှိုင်(တွံတေး)