ငဖဲ ၂၂ ဧပြီ                                                

 

မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ်ငှက်ဖျားတိုက်ဖျက်ရေးဌာနခွဲမှ ကျေးလက်နေပြည်သူများ ကျန်းမာရေး အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ငှက်ဖျားရောဂါများ ကာကွယ်ရန်အတွက် ခြင်ထောင်သုံးစွဲမှု ကျန်းမာရေးအသိပညာပေး ဟောပြောပွဲနှင့် တာရှည်ခံ ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေခြင်းကို ဧပြီလ ၂၁ ရက်နေ့ နံနက်ပိုင်းက အလယ်ကျေးရွာဓမ္မာရုံ၊ မကျီးကန်ကျေးရွာ ဓမ္မာရုံနှင့် ရှောက်တောင် ကျေးရွာဓမ္မာရုံတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ဟောပြောပွဲတွင် ငဖဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ငှက်ဖျားတိုက်ဖျက်ရေးဌာနခွဲမှ  ဦးအောင်နိုင်ဦးက တာရှည်ခံ ဆေးစိမ်ခြင်ထောင်၏ အာနိသင်များ၊ ခြင်ထောင်သုံးစွဲခြင်းဖြင့် ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါနှင့် ဆင်ခြေထောက်ရောဂါများမှ ကာကွယ်ခြင်းနှင့် အပူဒဏ်အန္တရာယ်ကာကွယ်ရေး နှိုးဆော်ချက်များကို အသိပညာပေး ဟောပြောပြီး Global Fund အထောက်အပံ့ဖြင့် ပေးပို့သော ဆေးစိမ် ခြင်ထောင်များကို မြစ်ဖျားကျေးရွာတွင်(၇၄)လုံး၊ အလယ်ကျေးရွာတွင်(၄၅၅)လုံး၊ မကျီးကန်ကျေးရွာတွင် (၁၇၁)လုံး နှင့် ရှောက်တောင်ကျေးရွာတွင်(၃၇၅) လုံး စုစုပေါင်း (၁၀၇၅)လုံးကို ကျေးရွာပြည်သူများအား အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

 

ငဖဲမြို့နယ် ငှက်ဖျားတိုက်ဖျက်ရေးဌာနခွဲမှ ဧပြီလ ၂၀ ရက်တွင် တာရှည်ခံ ဆေးစိမ်ခြင်ထောင် (၄၁၉၈)လုံး၊ ဧပြီလ ၂၂ ရက်နေ့တွင် (၁၀၇၅)လုံး ၊ စုစုပေါင်း(၅၂၇၃) လုံးကို ကျေးရွာ (၇)ရွာမှ ပြည်သူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

မယု(ငဖဲ)    

 

image-0-