ထားဝယ်  ၂၂  ဧပြီ

 

အင်္ဂလိပ်ဘာသာစကားပြော အဆင့်မြင့်သင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ ဖွင့်လှစ်ခဲ့သည်။

 

ဖွင့်ပွဲတွင်  တနင်္သာရီတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ) ဦးကျော်ကျော်အောင်က သင်တန်းဖွင့် အမှာစကားပြောကြားပြီး ခေတ္တခရိုင်ဦးစီးမှူး (နည်းပညာ) ဦးသန်းထွန်းဦးက ဝန်ထမ်းများ တစ်ဦးချင်းစွမ်းဆောင်ရေး မြင့်မားလာစေရန်နှင့် နိုင်ငံတကာသုံး အင်္ဂလိပ် ဘာသာစကားပြောအား ကျွမ်းကျင်စွာ တတ်မြောက်ပြီး ဝန်ထမ်းစွမ်းဆောင်ရေး မြင့်မားစေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

သင်တန်းတွင် သင်တန်းဆရာမ ဒေါ်ရည်မွန်ခိုင်က တိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မြို့နယ်များရှိ  တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း ၁၅ ဦးအား ဇူလှိုင် ၂၂ ရက်အထိ သုံးလကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

 

ကျော်ကျော်လတ်(ပြန်/ဆက်)