ကျောက်မဲ ၂၂ ဧပြီ

           

ကျောက်မဲခရိုင်၊ နောင်ချိုမြို့ စွယ်တော်ရိပ် အဝေးပြေးယာဉ်ရပ်နားစခန်းသစ် ဖွင့်ပွဲ အခမ်းအနားကို ဧပြီ ၂၂ ရက် နံနက် ၉ နာရီအချိန်က နောင်ချိုမြို့ဈေးရပ်ကွက် မန္တလေး- လားရှိုး ကားလမ်းအနီး၌ ကျင်းပခဲ့သည်။

 

တက်ရောက်လာကြသော ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊  ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဆွေ၊  ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဌေးလင်းအောင်တို့က အဝေးပြေးယာဉ်ရပ်နားစခန်းကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

မူဆယ်၊ လားရှိုး၊ ပြင်ဦးလွင်၊ မန္တလေး၊ ရန်ကုန် မြို့အသီးသီးတို့မှ  အဝေးပြေး  ယာဉ်များအနေဖြင့် နောင်ချိုမြို့  စွယ်တော်ရိပ် အဝေးပြေးယာဉ်ရပ်နားစခန်း၌ ရပ်နားနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်၊ပြန်/ဆက်