မိုးညှင်း ၂၂ ဧပြီ
ကချင်ပြည်နယ် အစိုးရအဖွဲ့မှ မိုးညှင်းမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းများသို့ ဆန်အိတ်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အောင်သပြေရပ်ကွက်ရှိ စိန်ပက်ထရိတ် ခရစ်ယာန်ဘုရားကျောင်း၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်လူမှုရေးဝန်ကြီး ဦးနေဝင်း က အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်မြမာလာစိုးက ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းများဖြစ်သည့် ဘုရားကျောင်းဝင်းအတွင်းရှိ စစ်ရှောင်မိသားစု ၁၂ စုအတွက် ဆန် ၁၂ အိတ်၊ နန့်မွန်းစစ်ရှောင်စခန်းရှိ အိမ်ထောင်စု ၂၁ စုအတွက် ဆန် ၂၁ အိတ်နှင့် အုတ်ကျင်းစစ်ရှောင်စခန်းရှိ အိမ်ထောင်စု ၂၀ စုအတွက် ဆန် ၂၀ အိတ်တို့ကို တာဝန်ရှိသူများက ပေးအပ်ရာ စခန်းတာဝန်ခံများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ကျော်ကျော်ထွေး(ပြန်/ဆက်)


