ရေဦး  ၂၂  ဧပြီ

 

၂၀၁၈ ခုနှစ် ဇွန်လအတွင်းက မိုးရွာသွန်းခဲ့မှုကြောင့် နွေနှမ်းနှင့် မိုးမြေပဲများ ပျက်စီးခဲ့မှုအပေါ် သီးနှံထောက်ပံ့ကြေးငွေ ပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေနဒီဦးခန်းမ၌ ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းသိန်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့် တို့က အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဉာဏ်ဝင်းက သီနှံများပျက်စီးမှုအပေါ် ထောက်ပံ့ငွေ ပေးအပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသည့်   မြို့နယ်တာဝန်ရှိသူများက မကျီးတောကျေးရွာအုပ်စု  တောင်သူ ဦးတင်မောင်ဝင်း၏  နွေနှမ်း ၂၅ ဧက ပျက်စီးခဲ့မှုအတွက် သီးနှံထောက်ပံ့ကြေးငွေ ၁၂၅၀ဝ၀ဝ ကျပ်၊ ညောင်လည်ကျေးရွာအုပ်စုမှ မိုးမြေပဲစိုက် တောင်သူ ၇ ဦး ပျက်စီးဧက ၁၁ ဧကအတွက်  တစ်ဧကလျှင် ၃၀ဝ၀ဝ ကျပ်နှုန်းဖြင့် သီးနှံထောက်ပံကြေးငွေ ၃၃၀ဝ၀ဝ ကျပ် တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သန်းထိုက် ( ရေဦး )

 

DSC066