ဟားခါး  ၂၂  ဧပြီ

 

ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)နှင့် ချင်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသော လေကြောင်းလူငယ် ဟားခါးစခန်း၏ အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၁၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဟားခါးမြို့ စစ်ဗျူဟာအဖွဲ့(အခြေချ) ဟားခါး သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။

 

 

အခမ်းအနားတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်နှင့် စစ်ဗျူဟာအဖွဲ့(အခြေချ)(ဟားခါး) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး နေမျိုးဇော်တို့က သင်တန်းဖွင့် အမှာစကား ပြောကြားကြပြီး တက်ရောက်လာကြသူများက ခင်းကျင်းပြသထားသော သင်ထောက်ကူပစ္စည်းများကို လိုက်လံကြည့်ရှု အားပေးကြသည်။

 

အဆိုပါ အခမ်းအနားကို ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)မှ ဗိုလ်မှူးကြီးနှင့် အရာရှိများ၊ နည်းပြများ၊ စစ်ဗျူဟာအဖွဲ့(အခြေချ)(ဟားခါး) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး နေမျိုးဇော်နှင့် အရာရှိများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

 

အဆိုပါ သင်တန်းသို့ ချင်းပြည်နယ်အတွင်း မြို့နယ်(၉)မြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူ (၄၀)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ရက်သတ္တ(၄)ပတ် ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)

 

IMG_02