ပန်းတောင်း ၂၂ ဧပြီ
ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်တွင် ဓာတ်သတ္တုလုပ်ငန်းရှင်များ လိုက်နာရမည့် စည်းကမ်းချက်များ ရှင်းလင်းပြောကြားခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဓာတ်သတ္တုလုပ်ငန်းရှင်များ လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းဖတ်ကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက အဖွင့်အမှာစကား ပြောကြား၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်က သတ်မှတ်ထားသော စည်းကမ်းချက်များကို လိုက်နာမှသာ ဒေသအတွက်၊ တိုင်းပြည်အတွက် အကောင်းဆုံး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားကာ တက်ရောက်လာသည့် လုပ်ငန်းရှင်များ၏ သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သင်းသင်းအေး (ပြန်/ဆက်)


