ချောင်းဆုံ ၂၂ ဧပြီ
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းရှိ ပင်လယ်ကမ်းစပ်ကျေးရွာဒေသများနှင့် ကျေးရွာအချို့တွင် ယခုနှစ်နွေရာသီအတွင်း သောက်သုံးရေရှားပါးမှုနှင့် ကြုံတွေ့နေရသည့်အတွက် ရေပေးဝေရေး လုပ်ငန်းများကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်အလှူရှင်များက အဆိုပါရေရှားပါးသည့် ကျေးရွာများသို့ သောက်သုံးရေ သွားရောက် လှူဒါန်းခြင်းများဆောင်ရွက်ခဲ့ကြသည်။
ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာတွင် ဧပြီ ၁၉ ရက်နေ့က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလင်းတင်ဌေးနှင့် အဖွဲ့ဝင်များက ဦးဆောင်ပြီး မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းကာရေဂါလန် ၈၀ဝ ဆံ့ ကား(၂)စီးဖြင့် သောက်သုံးရေ သွားရောက် လှူဒါန်းခဲ့ကြသည်။
အလားတူ မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဒေါက်တာ အောင်နိုင်ဦး ဦးဆောင်ပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ နှင့် စည်ပင်သာယာရေးအဖွဲ့တို့မှ ပူးပေါင်း၍ ဧပြီ ၁၈ ရက်က အဆိုပါ ကျေးရွာတွင် သောက်သုံးရေ ဂါလန်ပေါင်း တစ်သောင်းခန့် သွားရောက် လှူဒါန်းခဲ့ကြကြောင်း ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းရရှိသည်။
MDN


