မော်လမြိုင် ၂၂ ဧပြီ
မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက်တို့ ပူးပေါင်း၍ သုတ/ရသ စာအုပ်စာစောင်များကို နေ့စဉ်သွားရောက်လိုက်လံ ငှားရမ်းပေးလျက်ရှိရာ ယနေ့တွင် မြို့နယ်ပညာရေးမှူးရုံးနှင့် သူနာပြုသင်တန်းကျောင်းသို့ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက်သည် မော်လမြိုင်မြို့ အခြေခံပညာ ကျောင်းများ၊ သင်တန်းကျောင်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများနှင့် တက္ကသိုလ်/ ကောလိပ်များ အပြင် ပေါင်မြို့နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းဆုံမြို့နယ်နှင့် မုဒုံမြို့နယ်များရှိ အခြေခံပညာ ကျောင်းများတို့ကိုလည်း သုတ/ ရသ စာအုပ်စာစောင်များ သွားရောက် ငှားရမ်းပေးလျက်ရှိသည်။
ထို့အပြင် အဆိုပါ ရွေ့လျားစာကြည့်တိုက်မှ သုတ/ ရသ စာအုပ်စာစောင်များကို ရက်သတ္တ နှစ်ပတ်ကြာငှားရမ်း ပေးပြီးမှ သွားရောက်သိမ်းဆည်းကာ စာအုပ်စာစောင်အသစ်များကို ပြန်လည် ငှားရမ်းပေးခဲ့ကြောင်း မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းရရှိသည်။
MDN


