နေပြည်တော် ၂၂  ဧပြီ 


မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်သည် The World Bank Group ၏ Finance, Competitiveness and Innovation မှ Global Director, Mr. Alfonso Garcia Mora နှင့် အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံဆွေးနွေးစဉ် လက်ရှိမြန်မာနိုင်ငံ၏ ငွေရေးကြေးရေးနှင့်ဘဏ်လုပ်ငန်း ကဏ္ဍများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့်အဆိုပါကဏ္ဍများ၌ ကမ္ဘာ့ဘဏ်အနေဖြင့်နည်းပညာ အကူအညီများ ဆက်လက်အကူအညီပေးရေးဆိုင်ရာကိစ္စနှင့် မြန်မာနိုင်ငံတွင် အားလုံး ပါဝင်နိုင်သော ငွေရေးကြေးရေးကဏ္ဍတည်ဆောက်ရေး(Financial Inclusion) ဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 


(သတင်းစဉ်)