နေပြည်တော် ၂၂ ဧပြီ
မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှတ်(၂)ရဲလေ့ကျင့်ရေးကျောင်း(ဝက်ထီးကန်)တွင် ၂၀၁၈ခုနှစ် အောက်တိုဘာ ၂၂ ရက်မှ ၂၀၁၉ ခုနှစ် ဧပြီ ၂၂ ရက်အထိ ဖွင့်လှစ်သင်ကြားခဲ့သည့် ရဲတပ်သား သစ်သင်တန်း အမှတ်စဉ်(၃၂၂/၂၀၁၈) ဇေယျတပ်ခွဲ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီတွင် အဆိုပါလေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း၌ ကျင်းပရာ ကျောင်းအုပ်ကြီး ရဲမှူးကြီး နေမျိုး တက်ရောက်၍ သင်တန်းဆင်း မိန့်ခွန်းပြောကြားခဲ့ပြီး သင်တန်းတွင် ထူးချွန်ဆုရရှိခဲ့ သည် သင်တန်းသားများအား ဆုများ ပေးအပ် ချီးမြှင့်သည်။
အဆိုပါ သင်တန်းသို့ သင်တန်းသား ၂၀ဝ တက်ရောက် အောင်မြင်ခဲ့ကြောင်းနှင့် သင်တန်း ဆင်းပွဲသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားများ၊ မိဘ ဆွေမျိုးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။
MDN


