ရှမ်းရွာသစ် ၂၃ ဧပြီ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသားလူငယ်လေးများအား နွေရာသီကျောင်းပိတ်ရက်များအတွင်း ကရင်စာပေသင်တန်းဖွင့်လှစ် သင်ကြားလျက်ရှိသည်။
ကျောင်းသားလူငယ်များအား အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ရိုးရာယဉ်ကျေးမှုနှင့် ဘာသာစာပေကို တန်ဖိုးထားလေးစားတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ယမန်နေ့က ရှမ်းရွာသစ်မြို့ သန္တိသုခ ဘုန်းတော်ကြီးကျောင်းတွင် သူငယ်တန်းမှ တတိယတန်းအထိ ကျောင်းသား/သူ (၅၁)ဦးတို့အား လေးကွယ်ကော် ကရင်စာပေကို သင်တန်းဆရာ/မ (၄)ဦးတို့က သင်ကြားပို့ချလျက်ရှိပြီး သင်တန်းကာလ (၁၀)ရက်ကြာမြင့်မည် ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းရွာသစ် (ပြန်/ဆက်)


