မြိတ် ၂၃ ဧပြီ
မြိတ်မြို့၌ ယခုနှစ်နွေရာသီတွင် သာမန်ထက်အပူချိန်ပိုမိုလွန်ကဲမှုကြောင့် တစ်ချို့ရပ်ကွက်နှင့် ကျေးရွာများတွင် သောက်သုံးရေပြတ်လပ်မှုများ ဖြစ်ပေါ်လျက်ရှိရာ ဧပြီလ ၂၂ ရက် ညနေ ၃ နာရီခွဲက မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ ရှမ်းချောင်းကြီးကျေးရွာတွင် အမှတ်(၇၆)ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သောက်ရေသုံးရေဂါလံ (၁၈၀ဝ)ခန့် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ သောက်သုံးရေလှူဒါန်းခြင်းကို အမှတ်(၇၆)ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူးကိုကို ဦးစီး၍ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ရဲမေများမှ မြိတ်တောင် ကျေးရွာအုပ်စု အရန်မီးသတ်တပ်ဖွဲ့ရှိ မီးသတ်ရေသယ်ယာဉ်(၂)စီးဖြင့် သောက်သုံးရေပြတ်လပ်နေသည့် ရှမ်းချောင်းကြီးကျေးရွာတွင် ယာယီဆောင်ရွက်ထားသော ရေသိုလောင်ကန်အတွင်းသို့ ရေများဖြည့်ဆည်း ပေးခြင်း၊ ကျေးရွာနေပြည်သူများ၏ နေအိမ်များရှိ ရေပီပါများနှင့် ၅ ဂါလံဆံ့ ရေပုံးများသို့ ရေများဖြည့်ဆည်းပေးကာ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဇော်မျိုးနိုင်( မြိတ်ခရိုင်ပြန်/ဆက်)


