ရေနံချောင်း ၂၃ ဧပြီ
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့၊ ညောင်လှရပ်ကွက် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း ပဒုမ္မာဆောင်၌ နွေရာသီ အင်္ဂလိပ်စကားပြောသင်တန်းကို Peace Corps Myanmar အဖွဲ့မှ အမေရိကန်နိုင်ငံသူ စေတနာ့ဝန်ထမ်းဆရာမ Ms Madison Ann Miller က သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ဧပြီ ၁၉ ရက်မှ မေ ၂၂ ရက်အထိဖွင့်လှစ်မည်ဖြစ်ပြီး တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့များ၌ နံနက် ၈ နာရီမှ ၉ နာရီအထိ ဆဋ္ဌမတန်းတက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများကို လည်းကောင်း၊ နံနက် ၉ နာရီ ၁၅ မိနစ်မှ ၁၀ နာရီ ၁၅ မိနစ်အထိ နဝမတန်းတက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများကိုလည်းကောင်း သင်ကြားသွားမည်ဖြစ်သည်။
သင်တန်းတွင် အင်္ဂလိပ်စာအခြေခံ အရေး၊ အဖတ်၊ အပြော၊ နားထောင်ခြင်း တို့အား သင်တန်းသားများနှင့် အပြန်အလှန် ဆွေးနွေးပို့ချပေးလျက်ရှိပြီး ကျောင်းသားကျောင်းသူ ၂၁၀ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
ကိုစိုးကြီး


