ကျောက်တံတား ၂၃ ဧပြီ
မြန်မာနိုင်ငံကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြန်မာနိုင်ငံစာကြည့်တိုက်အသင်း၏ စီစဉ် ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံစာကြည့်တိုက်အသင်း (Myanmar Library Association) နာယကများနှင့် အဖွဲ့ဝင်စာကြည့်တိုက်မှူးများ၊ အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် ကျောင်းစာကြည့်တိုက်မှူး တာဝန်ပူးတွဲထမ်းဆောင်နေကြသော ဆရာမများ အပါအဝင် အဖွဲ့ဝင်(၁၁)ဦးတို့သည် ဖိလစ်ပိုင်နိုင်ငံတွင် ဧပြီလ ၂၄ မှဧပြီလ ၂၆ ရက်နေ့ထိကျင်းပမည့် ပဉ္စမအကြိမ်မြောက်အရှေ့တောင်အာရှစာကြည့်တိုက်မှူးများ၏ အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်ရန်အတွက် ဧပြီလ(၂၃)ရက်နေ့ နံနက်ပိုင်းတွင် စင်္ကာပူနိုင်ငံမှတစ်ဆင့် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။
အဆိုပါ အဖွဲ့ဝင်များသည် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ရေရှည်တည်တံ့ရေးဆိုင်ရာ အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရန် လေ့လာကြမည်ဖြစ်ပြီး မြန်မာနိုင်ငံ ကျောင်းစာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုလည်း ဆွေးနွေးတင်ပြကြမည်ဖြစ်ကြောင်း သိရှိရသည်။
ကျောက်တံတား ပြန်/ဆက်


