ဟင်္သာတ ၂၃ ဧပြီ
ဟင်္သာတမြို့နယ်၌ နွေရာသီရေပြတ်လပ်မှုမရှိစေရေးနှင့် သန့်ရှင်းသော သောက်သုံးရေများ ဖူလုံစွာရရှိရေးအတွက် ကျေးရွာ ၃ ရွာတွင် စက်ရေတွင်း၊ ရေလှောင်ကန်နှင့် အမြင့်တင်ရေစက်ရုံတို့ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် မူလခွင့်ပြုရန်ပုံငွေဖြင့် တူးဖော်ပေးလျက်ရှိကြောင်း သိရသည်။
သောက်သုံးရေရရှိရေးအတွက် စမ်းအိုင်၊ ဘိန်းစားကုန်း၊ ချင်းကွင်းကျေးရွာတို့တွင် အနက်ပေ ၄၀ဝရှိ တွင်းနက်အမျိုးစားတူးဖော်နေခြင်းနှင့် ရေစက်ရုံနှင့် ရေလှောင်ကန်တို့ကို တင်ဒါရကုမ္ပဏီများက တူးဖော်ဆောက်လုပ်နေခြင်းဖြစ်ပြီး ဟင်္သာတခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်သက်ရှည်မှ လုပ်ငန်းများ အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးအတွက် ကြပ်မတ်ဆောင်ရွက်သွားရန် တာဝန်ခံဝန်ထမ်းများအား လမ်းညွှန်မှာကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျေးရွာများတွင် စက်ရေတွင်းနှင့် ဆက်စပ်လုပ်ငန်းများအားလုံး ပြီးစီးသွားပါက ကျေးရွာ ၃ ရွာရှိ အိမ်ထောင်စု ၁၇၈ စုမှ လူဦးရေ ၈၀ဝ ကျော်တို့သည် သောက်ရေ၊ သုံးရေများကို ဖူလုံစွာ အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)


