ကလော ၂၃ ဧပြီ

 

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် One state -One Township project ၏ မူးယစ်ကင်းစင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ  ၂၂ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်က ကလောမြို့နယ် အတွင်းရှိ မူးယစ်ဆေးဝါးရောင်းဝယ်သူ၊ မူးယစ်ဆေးဝါးသုံးစွဲသူနှင့် မူးယစ်ဆေးဝါး စိုက်ပျိုးသူများ လျော့နည်းပပျောက်စေရန်နှင့် မူးယစ်ကင်းစင်ရေးမြို့နယ် ဖြစ်လာစေရေးနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

 

mdn

 

ဆက်လက်ပြီး  မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မင်းက မြို့နယ်မူးယစ်ကင်းစင်ရေး ကော်မတီ ဖွဲ့စည်းထားရှိမှုနှင့် စီမံချက်ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ မြို့နယ် ဥပဒေအရာရှိ ဒေါ်တင်မာလွင်က မူးယစ်ဆေးဝါးဥပဒေနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် တက်ရောက်လာသော ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်တို့က သိရှိလိုသည်များအား ပြန်လည် မေးမြန်းဆွေးနွေးခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

မြို့နယ် ပြန်/ဆက်