ရေကြည် ၂၃ ဧပြီ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရေကြည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာန (အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်း) တို့ပူးပေါင်း၍ မြို့ပေါ်နှင့်ကျေးလက်နေပြည်သူများအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းဖြစ်သည့် အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ပဲ့နင်းကြီး မင်္ဂလာစေတီတော်ကျောင်းတိုက်၌ ကျင်းပခဲ့သည်။
သင်တန်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နွေးနွေးစံက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။ ဆက်လက်ပြီး လူမှုဝန်ထမ်းဦးစီးဌာနအိမ်တွင်းမှု သက်မွေးသင်တန်းကျောင်းမှ သင်တန်းမှူး ဒေါ်စိုးစိုးမူက သင်တန်းနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ သင်တန်းသူ (၂၁) ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ ဧပြီ ၂၃ ရက်မှ မေ ၂၂ ရက်ထိ တစ်လကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
အောင်သူဟန် (ပြန်/ဆက်)


