ရန်ကုန် ၂၃ ဧပြီ

 

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း နည်းပြသင်းတန်း အမှတ်စဉ် (၂/၂၀၁၉) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက သန်လျင်မြို့၊ မြို့ဟောင်းအလယ်ရပ်ကွက်၊ မဟာမဇ္ဈိမာရုံစာသင်တိုက် ရွှေဥကျောင်းဆောင်၌ ကျင်းပခဲ့သည်။

 

နည်းပြသင်တန်းဖွင့်ပွဲတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ရှိန်၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဒေါ်လှကြင်တို့က မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း နည်းပြသင်တန်း ဖွင့်လှစ်ရခြင်းအား ရှင်းလင်းပြောကြားခဲ့သည်။

 

အဆိုပါ ရှေးဦးပြုစုခြင်း နည်းပြသင်တန်းကို သန်လျင်မြို့နယ်၊ ခရမ်းမြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူ ၃၀ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ ဧပြီ ၂၃ ရက် မှ ၃၀ ရက်နေ့အထိ ၈ ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပိုချသွားမည်ဖြစ်ကြောင်း သိရသည်။

 

သက်ခိုင် (သန်လျင်)

 

mdn