ဟိုပင် ၂၃ ဧပြီ
    

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ Community  Centre  ခန်းမ၌ နိုင်ငံတကာ စာအုပ် စာစောင်များနေ့ အထိမ်းအမှတ် ပဉ္စမအကြိမ် စာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲကို ဧပြီ ၂၃ ရက် နံနက် ၁၀ နာရီ က ဟိုပင်မြို့ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် (Youth  Club) တို့ ပူးပေါင်း၍ မြန်မာစာပေပညာရှင်၊ လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေး ဗိသုကာ၊ မြန်မာပြည်သူတို့၏ နှလုံးသွေး၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ စာပေ၊ နိုင်ငံရေး၊ စီးပွားရေး နှင့် လူထုကျန်းမာရေး စွမ်းဆောင်ရှင် ဂျာနယ်ကျော်မမလေး နှင့် မြန်မာမှကမ္ဘာ့ ဦးသန့်တို့၏ အတ္ထုပ္ပတ္တိ စာအုပ်များဖြင့် ပဉ္စမအကြိမ်  စာဖတ်ဝိုင်းနှင့်  သုတ၊ ရသ စာအုပ်များ၊ ကလေးစာစောင်များပြပွဲကို  ကျင်းပခဲ့သည်။
    

 

ိိျ

 

၄င်းစာဖတ်ဝိုင်းတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်တိုးတိုးမေက ကျောင်းသားကျောင်းသူများအား နွေရာသီ ကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတများ တိုးပွားစေရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ်စေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ဟိုပင်မြို့ စာပေချစ်မြတ်နိုးသူများ အသင်းဝင် စာရေးဆရာမ ဒေါ်စောငယ်ငယ်(မိုးညှင်း)က မြန်မာစာပေပညာရှင်၊ လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေး ဗိသုကာ၊ မြန်မာပြည်သူတို့၏နှလုံးသွေး၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ အတ္ထုပ္ပတ္တိကိုလည်းကောင်း၊ ဆရာ ဦးထက်လင်းအောင်က စာပေ၊ နိုင်ငံရေး၊ စီးပွားရေး နှင့် လူထုကျန်းမာရေး စွမ်းဆောင်ရှင် ဂျာနယ်ကျော်မမလေး၏ အတ္ထုပ္ပတ္တိကိုလည်းကောင်း၊ စာပေချစ်မြတ်နိုးသူများ အသင်းဝင် ဒေါ်နှောင်းနှောင်းထွန်းက မြန်မာမှကမ္ဘာ့ ဦးသန့်  အတ္ထုပ္ပတ္တိကိုလည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြသည်။
    

 

၄င်းအခမ်းအနားတွင် စာရေးဆရာမ ဒေါ်စောငယ်ငယ်(မိုးညှင်း)၊ စာပေချစ်မြတ်နိုးသူများ၊ (Youth  Club) အသင်းဝင်များ ကျောင်းသားကျောင်းသူ စုစုပေါင်း  ၂၄ ဦး တက်ရောက်ခဲ့ပြီး ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးအကြောင်းသိကောင်းစရာများ နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 


တိုးတိုးမေ(ဟိုပင်)

 

ိန