ပိုင်ကျုံ ၂၃ ဧပြီ

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ရေပူကြီးကျေးရွာတွင် ယနေ့နံနက်ပိုင်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲဆောင်ရွက်ကြောင်း သိရသည်။

 

အဆိုပါဟောပြောပွဲတွင် ပိုင်ကျုံမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နော်ခူးခူးက ကျေးရွာပတ်ဝန်းကျင် စိမ်းလမ်းစိုပြည်ပြီး အရိပ်အာဝါသရရန် သစ်ပင်များရှိရမည် ဖြစ်ကြောင်း၊ ယနေ့မိမိတို့ ဒေသတခွင်သည် အရင်ကနဲ့မတူဘဲ ပိုပြီး အပူချိန်များလာသည်ကို တွေ့ရကြောင်း၊ သစ်ပင်များ ခုတ်ထွင်ပြီး တောမီးများ လောင်ကျွမ်းခြင်းကြောင့် ရာသီဥတုဖောက်ပြန်ခြင်းဖြစ်ကြောင်းနှင့် သစ်ပင်များပြန် လည်အစားထိုးစိုက်ပျိုးရန် တိုက်တွန်းစေလိုကြောင်း ပြောကြားသည်။ ထို့နောက်ရေပူကြီး ကျေးရွာပြည်သူများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြသည်။

 

mdn

 

ဆက်လက်၍ ဒုတိယဦးစီးမှူးသည် ရေပူကြီးကျေးရွာ ပညာဓနစာကြည့်တိုက်သို့ စာကြည့်တိုက်မှူး၊ စာကြည့် တိုက်ကော်မတီအဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး စာကြည့်တိုက် ရေရှည်တည်တံ့ရှင်သန် ခိုင်မာရေးအတွက် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

 

(ပြန်/ဆက်)