ပခုက္ကူ ၂၃ ဧပြီ


ပခုက္ကူခရိုင်၊ မြိုင်မြိ့နယ်၊ ရွာတန်းရှည်အုပ်စု၊ ဆယ်ပြားကျေးရွာတွင် သောက်သုံးရေအခက်အခဲ ဖြစ်ပေါ်နေသဖြင့် ယမန်နေ့က ပခုက္ကူမြို့နယ်နှင့် မြိုင်မြို့နယ် လွှတ်တော်ကိုယ်စား လှယ်များက သောက်သုံးရေ သွားရောက်လှူဒါန်းခဲ့သည်။

 

ddd


ဆယ်ပြားကျေးရွာတွင် အိမ်ထောင်စု (၉၇)စု၊ လူဦးရေ (၅၄၈)ဦး နေထိုင်လျက်ရှိပြီး ဧပြီလ ပထမပတ် အတွင်း ကျေးရွာပိုင်စက်ရေတွင်း ချွတ်ယွင်းသွားသောကြောင့် သောက်သုံးရေ အခက်အခဲ ဖြစ်ပေါ်လျက် ရှိသည်။


စက်ရေတွင်း ပြုပြင်နေစဉ်ကာလအတွင်း ကျေးရွာနေပြည်သူများ သောက်သုံးရေအခက်အခဲ မဖြစ်ပေါ် စေရန် ပခုက္ကူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကို၊ မြိုင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးအောင်ခင်ဝင်းနှင့် အဖွဲ့က ကမ္ဘောဇအနာဂတ်အလင်း တန်းဖောင်ဒေးရှင်း၏ ရေဂါလံ(၃၀ဝ၀)ဆံ့ ရေသယ်ယာဉ်(၂) စီးနှင့် မြိုင်မြို့နယ်မှ ရေဂါလံ (၃၀ဝ၀)ဆံ့ မော်တော်ယာဉ်(၂)စီးဖြင့် ကျေးရွာအရောက်သွားရောက် လှူဒါန်း ပေးခဲ့ကြောင်းသိရသည်။


ကိုဇော်(ဓာတု)

 

dd