ဘားအံ  ၂၃  ဧပြီ

 

ငမြှောင်တောင်ပိုး ကာကွယ်နှိမ်နှင်းရေး နည်းလမ်းများ တောင်သူအသိပညာပေး ဆွေးနွေးပွဲနှင့် လက်တွေ့ပြသ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီက ကရင်ပြည်နယ်၊ ဘားအံ့မြို့နယ်၊ ကော့လှိုင်ကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

1

 

ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် သီးနှံကာကွယ်ရေး ဌာနခွဲ(ရုံးချုပ်) ပိုးမွှားဗေဒဌာနစုတာဝန်ခံ ဒေါက်တာခင်ခင်မာလာမြင့် (လက်ထောက်ညွန်ကြားရေးမှူး)နှင့် တာဝန်ရှိသူများက ကော့လှိုက်ကျေးရွာရှိ ပြောင်းသီးနှံစိုက်ခင်းများတွင် တွေ့ရှိရသည့် ဖျက်ပိုးအသစ်နှင့် စပ်လျဉ်း၍ လက်ရှိနှင့် နောင်ကာလများတွင် ကာကွယ်နိုင်ရေးအတွက် ပညာပေးခြင်း၊ လက်တွေ့ပြသခြင်း တို့ကို ဆောင်ရွက်ခဲ့ကြသည်။

 

1

 

ဆွေးနွေးပွဲတွင် ငမြှောင်တောင်ပိုး ကင်းထောက်ခြင်း နည်းလမ်းများ၊ အဖိုဆွဲဆောင်ထောင်ခြောက် အသုံးပြုပုံ နည်းလမ်းများနှင့် ဘက်စုံကာကွယ်နိမ်နှင်းခြင်း နည်းလမ်းများကို တာဝန်ရှိသူများက ကျေးရွာနေ တောင်သူများအား အသိပညာပေး ဆွေးနွေးခဲ့သည်။

 

1

 

ထို့နောက် တောင်သူများက သိရှိလိုသည်များ ပြန်လည်မေးမြန်းကြပြီး ပြောင်းစိုက်ခင်းအတွင်း ပိုးမွှားကာကွယ်ရေး နည်းလမ်းများကို လက်တွေ့ဆောင်ရွက်ခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။           

 

MDN