မိတ္ထီလာ  ၂၄  ဧပြီ

 

မိတ္ထီလာမြို့၌ ယနေ့ နံနက် ၉ နာရီက မြေအောက်ကေဘယ်လိုင်း တူးဖော်စဉ် စစ်ကျန်ဗုံးသီးဟောင်း လေးလုံး တွေ့ရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက် အထက (၂)ကျောင်းရှေ့ မျက်နှာစာ အုတ်တံတိုင်းဘေး၌ Myanmar Viber Office network Co.Ltd မှ အလုပ်သမားများဖြင့် မြေအောက်ကေဘယ်လိုင်း တူးဖော်စဉ် စစ်ကျန် ဗုံးသီးဟောင်း လေးလုံးအားတွေ့ရှိ၍ မိတ္ထီလာ အမှတ်(၂)နယ်မြေရဲစခန်းသို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ စစ်ကျန်ဗုံးသီးဟောင်း လေးလုံးအား တာဝန်ရှိသူများက ရှင်းလင်းဖယ်ရှားပေးခဲ့ကြောင်း သိရသည်။

 

ဘိုဘို(မလှိုင်)