မြစ်ကြီးနား ၂၄ ဧပြီ  

           

ကချင်မျိုးနွယ်စုဝင် ဇိုင်ဝါးမျိုးနွယ်စု တိုင်းရင်းသားများအား တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကချင်ပြည်နယ်ရုံးမှ ဦးဆောင်၍ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောပြီး အဆိုပါမျိုးနွယ်စုများထံမှ တိုင်းရင်းသားရေးရာ အခြေခံအချက်များကောက်ယူခြင်းလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်၊ ဇိုင်ဝါးစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ချူပ်ရုံး၌ ပြုလုပ်ခဲ့ကြသည်။

           

အသိပညာပေးဟောပြောပွဲတွင် ပြည်နယ်လွှတ်တော်တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော် မတီဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးHလအောင်က အဖွင့်အမှာစကား ပြောကြားပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးခင်မောင်မြင့်(ခ)ဦးဒိတ်က ယဉ်ကျေးမှု၊ ဓလေ့ထုံစံစသည့်တို့ အပါအဝင် တိုင်းရင်းသား အခွင့်အရေးဆိုင်ရာများနှင့် ပတ်သက်၍  ဆောင်ရွက်ပေးလျက်ရှိသည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး ရဝမ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးရန်နမ်းဖုန် က ဇိုင်ဝါးစာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့ချုပ်ရုံးအတွက် K12-Bluetooth ဆောင်းဘောက်နှင့် မိုက်(စ်)တစ်စုံကို  ထောက်ပံ့ပေးအပ်ရာ အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးမလန်ဂမ်ဖန်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

           

ယင်းနောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်ဝင်းနှင့် ဒုတိယဦးစီးမှူးတို့က ဝန်ကြီးဌာန၏ တိုင်းရင်းသားအရေးဆောင်ရွက်ချက်များ၊ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ အချက်အလက်များနှင့် စီမံကိန်းဆိုင်ရာ အချက်အလက်များကို အသိပညာပေးဟောပြောခဲ့ကြပြီး ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူးက ကျား/မအခွင့်အရေးဆိုင်ရာများကို အသိပညာပေး ဟောပြောကြသည်။

           

ထို့နောက် ဇိုင်ဝါးမျိုးနွယ်စုတိုင်းရင်းသားများထံမှ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာရေးဆွဲရေးအတွက် ဦးစားပေးအချက် ၁၇ ချက်နှင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ အခွင့်အရေး၊ ရပိုင်ခွင့်များနှင့် စပ်လျဉ်း၍ အခြေခံအချက်အလက် ၅၀ ကို စစ်တမ်းကောက်ယူရာတွင် ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများက မရှင်းလင်း သည်များကို လိုက်လံရှင်းလင်းပြောကြားပေးကြပြီး စစ်တမ်းကောက်ယူခဲ့ကြသည်။

           

 

အဆိုပါ စစ်တမ်းကောက်ယူခြင်းလုပ်ငန်းကို ကချင်ပြည်နယ်အတွင်း လီဆူ၊ လာချိဒ်၊ လော်ဝေါ် မျိုးနွယ်စုများထံမှ ကောက်ယူထားပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသည့် ကချင်တိုင်းရင်းသား မျိုးနွယ်စုများထံမှ  စစ်တမ်းကောက်ယူနိုင်ရေး ညှိနှိုင်းစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

ပြည်နယ် ပြန်/ဆက်

 

1