နေပြည်တော်   ၂၄    ဧပြီ 
    

 

ဆောက်လုပ်ရေးဝန်ကြီးဌာန  e-Government အကောင်အထည်ဖော်ရေးကော်မတီ၏ GIS Data Infrastructure ဆောင်ရွက်ခြင်းသင်တန်း အမှတ်စဉ် (၁/၂၀၁၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမ ၌ ကျင်းပသည်။
    

 

ိိိ

 

အခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ e-Government အကောင်အထည် ဖော်ရေးကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က လမ်းကွန်ရက်များနှင့် တံတားများ အခြေခံအဆောက်အဦးများကို Digital စနစ်အသုံးပြုသည့် မြေပြင်သတင်းအချက်အလက် (GIS) နည်းပညာကိုအသုံးပြု၍ Data Infrastructure အဖြစ် ပြောင်းလဲဆောင်ရွက်ရန်အတွက် တိုင်း ဒေသကြီးနှင့် ပြည်နယ်လမ်းဦးစီးဌာနများက သင်တန်းသားများကိုခေါ်ယူပြီး သင်ကြားပေး သည့် ပထမဆုံးသင်တန်းဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်က ချမှတ်ပေး သည့် လမ်းစဉ်များအတိုင်း e-Government စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာမှာ Enterprise GIS စနစ်လည်း အဓိကအခန်းကဏ္ဍက ပါဝင်လျက်ရှိပါကြောင်း။
    

 

နိုင်ငံတကာအဆင့်မီ Enterprise GIS စနစ်ဖြင့် လမ်းကွန်ရက်များကို စီမံခန့်ခွဲနိုင်ရန်နှင့် SMART City စီမံခန့်ခွဲမှုများကို အထောက်အကူဖြစ်စေရန်၊ အနာဂတ်တွင် ဆောင်ရွက်ရမည့် စီမံကိန်းများ၏ လုပ်ငန်းတိုးတက်မှုအခြေအနေ (Progress) များကိုအချိန်နှင့်တစ်ပြေးညီ GIS စနစ်မှနေ၍ တိုက်ရိုက်စီမံခန့်ခွဲနိုင်ရန် ရည်မှန်းချက်များနှင့် စတင်အကောင်အထည်ဖော်ရခြင်း ဖြစ်ပါကြောင်း၊ အဓိကအခြေခံကျသည့် တစ်နိုင်ငံလုံးရှိလမ်းကွန်ရက်များကို GIS စနစ်ပေါ်သို့ Accuracy တိကျစွာထည့်သွင်းနိုင်ရေးကို ပထမဦးစားပေးအနြေဖင့် ဆောင်ရွက်ရမည်ဖြစ်သည့် အတွက် ယခုသင်တန်းကို တိုင်းဒေသကြီးနဲ့ပြည်နယ် (၄)ခုက သင်တန်းသား (၆၂) ဦးနှင့် ပထမအသုတ်အဖြစ် ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း။
    

 

နန

 

နောက်ပိုင်းသင်တန်းများကိုလည်း ဆက်လက်ခေါ်ယူသွားမှာဖြစ်ပါကြောင်း၊ GIS စနစ် မှာ Satellite Map ၊ Terrain Map ၊ Transportation Map စသည့် Map Layer များကိုအခြေခံပြီး သင်ကြားသွားမှာဖြစ်သလိုဌာန၏ Enterprise GIS စနစ်မှာပါဝင်သည့် GIS Portal စနစ်၊ Dashboard များနှင့် စီမံခန့်ခွဲမှုစနစ်များကိုပါ လေ့လာရမည်ဖြစ်ပါကြောင်း၊ GPS Data Collector များအသုံးပြုကာ လက်တွေ့လေ့ကျင့်ရမှာဖြစ်သည့်အတွက် သင်တန်းသားများအနေဖြင့် လွယ်ကူထိရောက်သည့် နည်းပညာသစ်များကို စိတ်ပါဝင်စားစွာ သင်ယူလေ့လာနိုင်လိမ့်မည်ဟု အပြည့်အဝယုံကြည်ပါကြောင်း ပြောကြားသည်။
    

 

ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံးမှ e-Government အကောင်အထည် ဖော်ရေးလုပ်ငန်းအဖွဲ့၊ CIO ဦးရန်နောင်က Enterprise GIS ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
    

နန

 

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် GIS Data Infrastructure ဆောင်ရွက်ခြင်းသင်တန်းသို့ တက်ရောက်လာသော သင်တန်းသား/သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားသည်။
    

 

ယနေ့ဖွင့်လှစ်သည့် GIS Data Infrastructure ဆောင်ရွက်ခြင်းသင်တန်းသည် ပထမဆုံးအကြိမ်စတင်ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းသား/သင်တန်းသူ (၇၅) ဦးတက်ရောက်ကာ သင်တန်းကာလမှာ ရက်သတ္တ (၂) ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ 

 


(သတင်းစဉ်)