နေပြည်တော် ၂၄ ဧပြီ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် နွေရာသီသောက်သုံး ရေရှားပါးပြတ်လပ်မှုများအတွက် အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဧပြီ ၂၃ ရက်အထိ နွေရာသီ သောက်သုံးရေ ရှားပါးပြတ်လပ်မှုများအတွက် ကယားပြည်နယ်အတွင်းရှိ မြို့နယ် (၃)ခုအတွက် ရေဂါလန် ၁၉၆၀ဝ၊ စစ်ကိုင်းတိုင်းဒေသကြီး တစ်မြို့နယ်အတွက် ရေဂါလန် ၉၆၀ဝ၊ ပဲခူးတိုင်းဒေသကြီး မြို့နယ်(၆)ခုအတွက် ရေဂါလန် ၄၀၄၀ဝ၊ မကွေးတိုင်းဒေသကြီး မြို့နယ် ၆ ခုအတွက် ရေဂါလန် ၉၉၈၅၀၊ မန္တလေးတိုင်းဒေသကြီး မြို့နယ်(၅)ခုအတွက် ရေဂါလန် ၆၉၇၀ဝ၊ မွန်ပြည်နယ် မြို့နယ်(၃)ခုအတွက် ရေဂါလန် ၃၁၂၀ဝ၊ ရခိုင်ပြည်နယ် တစ်မြို့နယ်အတွက် ရေဂါလန် ၁၂၀ဝ၊ ရှမ်းပြည်နယ် မြို့နယ် ၂ ခုအတွက် ရေဂါလန် ၁၅၃၅၀၊ ဧရာဝတီတိုင်းဒေသကြီး တစ်မြို့နယ်အတွက် ရေဂါလန် ၃၅၂၀ နှင့် နေပြည်တော် မြို့နယ်(၂)ခုအတွက် ရေဂါလန် ၄၈၀ဝ စုစုပေါင်း မြို့နယ်(၃၀)အတွက် ရေဂါလန် ၂၉၅၂၂၀ ဖြန့်ဝေပေးပြီးဖြစ်ကြောင်း သိရသည်။
မောင်လူမော်


