နေပြည်တော် ၂၄ ဧပြီ
Doing Business Website Content Management သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က Doing Business Website Content Management သင်တန်းအား World Bank Group (IFC) ၏ အကူအညီဖြင့် Information Matrix က လာရောက်ပို့ချခြင်းဖြစ်ကြောင်း၊ အညွှန်းကိန်းများတွင် ပါဝင်သည့် အစိုးရဌာနများမှ ဆောင်ရွက်လျက်ရှိသော ပြုပြင်ပြောင်းလဲမှုများကို စီးပွားရေးလုပ်ငန်းရှင်များ လွယ်ကူလျင်မြန်စွာ သိရှိနိုင်စေရန်အတွက်လည်း ဝန်ကြီးဌာနများ၏ Website များတွင်သာမက Ease of Doing Business ဆိုင်ရာလုပ်ငန်းစဉ်များအား သီးသန့်လွယ်ကူစွာ သိရှိနိုင်စေရန်အတွက် သီးသန့် Website ကို တည်ထောင်ထားခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်၍ မြန်မာနိုင်ငံ၏ myanmardoingbusiness.org Website ကိုထူထောင်နိုင်ရေးအတွက် သင်တန်းသားများခေါ်ယူကာ Website Content Management သင်တန်းပေးရခြင်းဖြစ်ကြောင်း။
မြန်မာနိုင်ငံ၏ Doing Business အဆင့်မြင့်မားလာပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာပြီး ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည် ဖြစ်သည့် အတွက် မြန်မာနိုင်ငံ၏အဆင့်၊ ရမှတ်များ မြင့်တက်လာရေးအတွက် အရေးပါသည့် အခန်းကဏ္ဍ တစ်ခုဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက ဖြည့်စွက်ရှင်းလင်းပြောကြားပြီး Information Matrix မှ တာဝ်န်ရှိသူတစ်ဦးက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ ကြောင်း သိရသည်။
(သတင်းစဉ်)


