မြိတ်   ၂၄  ဧပြီ 
    

 

နိုင်ငံတော်နယ်နမိတ်၊ ရေပိုင်နက်၊ လေပိုင်နက်အကြောင်းကို ခြေခြေမြစ်မြစ် သိရှိနားလည်ပြီး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် မိမိနိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်မည့် အားကိုးအားထားပြုရသည့် မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာရေးအတွက် (၁/၂၀၁၉) ရေကြောင်းလူငယ်နှင့် လေကြောင်းလူငယ် သင်တန်းများကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ဧပြီလ ၂၂ ရက်နေ့မှ စတင်၍ သင်ကြားပို့ချ ပေးလျက်ရှိကြောင်း သိရသည်။
    

ိိိ

 

 

မေလ(၁၇)ရက်နေ့အထိသင်ကြားပို့ချမည့် လေကြောင်းလူငယ်သင်တန်းကို မြိတ်လေတပ်စခန်း ဌာနချုပ်တွင် သင်တန်းသားသင်တန်းသူ အခြေခံပညာကျောင်းသားကျောင်းသူ(၄၀)ဦး တက်ရောက်လေ့လာ သင်ယူလျက်ရှိကာ သင်တန်းတွင် အခြေခံစစ်ပညာလက်နက်ပါဘာသာရပ်၊ လေကြောင်းပညာသမိုင်း၊ လေယာဉ်ပျံသန်းမှုအခြေခံသဘောတရား၊ လေယာဉ်ပုံစံငယ်တည်ဆောက်မှုအခြေခံသဘောတရား၊ အခြေခံ လေယာဉ်စက်အုံတည်ဆောက်မှုဘာသာရပ်၊ အခြေခံ Simulator လေယာဉ် မောင်းနှင်မှုတို့ကို သင်ကြားပို့ချ ပေးလျက်ရှိသည်။
  

နိတ်

 

 

အလားတူ (၁/၂၀၁၉)ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းကို အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းတွင် တနင်္သာရီရေတပ်စခန်းဌာနချုပ်မှ ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ သင်တန်းသား သင်တန်းသူ(၅၀)ဦး တက်ရောက်သင်ယူလေ့လာလျက်ရှိပြီး သင်တန်းတွင် အခြေခံစစ်ပညာလက်နက်ပါ ဘာသာရပ်၊ ရေကူးဘာသာရပ်နှင့် အခြေခံရေကြောင်းဆိုင်ရာဘာသာရပ်များ၊ ရေတပ်သားဘာသာရပ်၊ ပင်လယ်ပြင်အတွင်း အလံအချက်ပြနှင့် ဆက်သွယ်ရေးဘာသာရပ်များကို ပို့ချပေးလျက်ရှိကြောင်း သိရသည်။

 

ဇော်မျိုးနိုင်(မြိတ်ခရိုင်ပြန်/ဆက်)
    

 

ိိ္