တောင်ကြီး  ၂၄ ဧပြီ 

 

ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ရွာငံမြို့နယ်တွင် ဧပြီလ ၂၃ ရက် ညနေပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီးကြွေကျမှုများဖြစ်ပွားခဲ့ရာ ရပ်ကွက်(၃)ခု၊ ကျေးရွာအုပ်စု(၆)စုတို့မှ နေအိမ် ၁၉၂၅ လုံးခန့် အမိုးများ ပျက်စီးခဲ့ကြောင်း သိရသည်။ 

 

dd

 

အဆိုပါမိုးသီးကြွေကျမှုကြောင့် နေအိမ်ထိခိုက်ပျက်စီးခဲ့သည့် ဘေးသင့်ပြည်သူများအား အမြန်ဆုံး စနစ်တကျပံ့ပိုးထောက်ပံ့နိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရှမ်းပြည်နယ်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများက ဒေသခံတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းနှင့်  ဧပြီလ ၂၅ ရက်မှစ၍ ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

ပြည်သူလူထုအနေဖြင့် ယခုကဲ့သို့ နွေရာသီကာလအတွင်း နေ့အပူချိန်များတဖြည်းဖြည်း မြင့်တက်လာရာမှ လေပြင်းများတိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသီးကြွေခြင်းတို့ဖြစ်ပွားတတ်သဖြင့်  အထူးသတိပြုနေထိုင်ကြပါရန်နှင့် သဘာဝဘေးအန္တရာယ်များ နှင့်ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ဖွင့်လှစ် ထားရှိသည့် Hot-line ဖုန်းများဖြစ်သော ဝ၆၇-၃၄၀၄၆၆၆ နှင့် ဝ၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ပါကြောင်း အဆိုပါ ဝန်ကြီးဌာနမှ  သိရသည်။


MDN

 

ee