ရန်ကုန် ၂၅ ဧပြီ
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ (ဗဟို) မှ ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်နှင့် ကျောက်တန်းမြို့နယ်များမှ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား တွေ့ဆုံပွဲနှင့် အသက် (၈၅) နှစ်အထက် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာ ကြာကန်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး စစ်မှုထမ်းဟောင်းကြီးကြပ်အဖွဲ့ (စည်ပင်ပြင်ပ) တိုင်းကြီးကြပ် အမှုဆောင် အဖွဲ့ဝင် သန်လျင်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူး ကျော်မိုးကြည် (ငြိမ်း) နှင့် အဖွဲ့ဝင်များ၊ ကျောက်တန်းမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ အရာခံဗိုလ် ဝင်းကျော် (ငြိမ်း) နှင့် အဖွဲ့ဝင်များက တစ်ဦးချင်းမိတ်ဆက်ကြပြီး မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြကြသည်။
ထို့နောက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ဝင် စစ်ဆေးရေးမှူး ဗိုလ်မှူးချုပ် ကိုကိုဝင်း က စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား တွေ့ဆုံရခြင်းနှင့် အသက် (၈၅) နှစ်အထက် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား ထောက်ပံ့ငွေ ပေးအပ်ရခြင်းတို့အား ရှင်းလင်းပြောကြားခဲ့သည်။ သန်လျင်မြို့နယ်နှင့် ကျောက်တန်းမြို့နယ်များမှ အသက် (၈၅)နှစ်အထက် စစ်မှုထမ်းဟောင်း အဖွဲ့ဝင် (၄)ဦး တို့အား မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ဝင် စစ်ဆေးရေးမှူး ဗိုလ်မှူးချုပ် ကိုကိုဝင်း က ထောက်ပံ့ငွေများအား စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)


