ဖလမ်း ၂၅ ဧပြီ
၂၀၁၉-၂၀၂၀ ပညာသင်နှစ် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း(မန္တလေး)သို့ တက်ရောက်ရန် ကျောင်းသား၊ ကျောင်းသူများရွေးချယ်ခြင်းကို ယမန်နေ့က ဖလမ်းမြို့ ဟရန်ထီးယို အားကစားကွင်း၌ ပြုလုပ်ခဲ့သည်။
ယင်းသို့ရွေးချယ်ရာတွင် အားကစားနှင့် ကာယပညာသိပ္ပံကျောင်း(မန္တလေး)ညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင် ဦးဆောင်သော တာဝန်ရှိသူများက ဖလမ်းမြို့နယ် အတွင်းရှိ ဆဋ္ဌမတန်းနှင့် သတ္တမတန်းတွင် ပညာသင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများအား လာရောက်ရွေးချယ်ခြင်း ဖြစ်သည်။ အားကစားနှင့် ကာယပညာ သိပ္ပံကျောင်းတက်ရောက်ရန် လာရောက်အရွေးချယ်ခံရသူ (၂၄)ဦး ရှိသည်။
အဆိုပါကျောင်းတွင် ပညာသင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများ၏ စားစရိတ်၊ နေစရိတ်၊ သွားလာစရိတ်နှင့် ကျောင်းစရိတ်များကို နိုင်ငံတော်အစိုးရက ကျခံသွားမည်ဖြစ်သည်။ ကျောင်းမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ပြီးလျှင် B.Sc(Sport) ကို ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် ဆက်လက်သင်ယူခွင့် ရရှိမည်ဖြစ်သည်။ ထို့အပြင် အဆိုပါဘွဲ့ ရရှိပြီးပါက ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနများတွင် တာဝန်ထမ်းဆောင် နိုင်မည်ဖြစ်ကြောင်း သိရသည်။
ဂျွန်


