ကြာအင်းဆိပ်ကြီး ၂၅ ဧပြီ
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် နွေရာသီ ဧပြီလ ပထမအပတ်မှ စတင်ပြီး အချို့သော ကျေးရွာများ၌ တွင်းရေများခမ်းခြောက်ပြီး သောက်သုံးရေ ရှားပါးခက်ခဲလာမှုကြောင့် ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစောထူးကပေါ်နှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်လင်း၊ တံခွန်တိုင်ကျေးရွာ မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များက သောက်သုံးရေ ရှားပါးခက်ခဲသည့် ခလယ်ကျေးရွာအုပ်စုရှိ မြို့ဟောင်းကျေးရွာ၊ ခလယ်ကျေးရွာ၊ နောင်ဒေ့ကျေးရွာများသို့ သွားရောက်ပြီး အိမ်ခြေ(၄၀ဝ)ကျော် အိမ်ထောင်စု(၄၅၀)ကျော် လူဦးရေ(၂၂၀ဝ) ခန့်တို့အား သောက်သုံးရေ သုံးစွဲမှု အဆင်ပြေစေရေးအတွက် ရေသည်ယာဉ်များဖြင့် ကျေးရွာအတွင်း အိမ်ရှေ့အရောက် ထောက်ပံ့ကူညီပေးလျက်ရှိသည်။
အဆိုပါ သောက်သုံးရေ ခက်ခဲလျက်ရှိသည့် ကျေးလက်ပြည်သူများ အဆင်ပြေစေရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နေ့စဉ် စက်သုံးဆီ တစ်ရက်ကို ၇ ဂါလံနှုန်းဖြင့် ထောက်ပံ့ကူညီ ပေးလျက်ရှိကြောင်း သိရသည်။
မျိုးမင်းဦး(ပြန်/ဆက်)


