ကျိုက်မရော ၂၅ ဧပြီ

 

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ လက်ပန်ကျေးရွာ အလက(ခွဲ) ကျောင်းဆောင်သစ် အဆောက်ဦပန္နက်တင် မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်၉နာရီက အဆိုပါ ကျောင်းဆောင်သစ် ဆောက်လုပ်မည့် မြေနေရာ၌ ကျင်းပခဲ့သည်။

 

ကျောင်းဆောင်သစ် ဆောက်လုပ်မည့်မြေနေရာတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်ဦးနှင့် အလကခွဲ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိတို့က မင်္ဂလာရွှေအုပ်များကို အမွှေးနံ့သာများ ပက်ဖျန်း၍ ပန္နက်တိုင်များကို စိုက်ထူပေးခဲ့ကြသည်။

 

အဆိုပါ အလက(ခွဲ) ကျောင်းဆောင်သစ်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု အစိုးရန်ပုံငွေ (၇၇၇) သန်းဖြင့် Steel   Structure အမျိုးအစား တည်ဆောက်မည်ဖြစ်သည်။

 

အဆိုပါ ကျောင်းဆောင်သစ်အား သမိန်ဗရမ်းဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်မည်ဖြစ်ပြီး ဆောက်လုပ်မည့် ကျောင်းအကျယ်အဝန်းမှာ( ၁၄၀ပေ× ၃၀ပေ)ဖြစ်ကြောင်း လက်ပန်ကျေးရွာအုပ်ချုပ်ရေမှူးထံမှ သိရသည်။

 

ကျိုက်မရော (ပြန်/ဆက်)