ရန်ကုန် ၂၅  ဧပြီ

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် ယနေ့ ညနေ ၃ နာရီတွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ တော်ဝင်လမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီးနေအိမ်သို့သွား ရောက်၍ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ရှိ ကြယ်ငါးပွင့် ဟိုတယ်အချို့နှင့် ကက်သလစ် ဘုရားရှိခိုးကျောင်းအချို့ကို ဧပြီ ၂၁ ရက်က အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်အတွင်း ကွယ်လွန် သွားသူများအတွက် ရည်ရွယ်ဖွင့်လှစ်ထားသည့် ဝမ်းနည်းခြင်းအထိမ်းအမှတ် စာအုပ်၌ လက်မှတ်ရေးထိုးသည်။

 

အဆိုပါ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် လက်မှတ်ရေးထိုးခြင်းကို မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီးနေအိမ်၌ ဧပြီ ၂၃ ရက်မှ ၂၆ ရက်အထိ နေ့စဉ် နံနက် ၁၀ နာရီမှ ၁၂ အထိလည်းကောင်း၊ မွန်းလွဲ ၂ နာရီမှ ၄ နာရီ အထိ လည်းကောင်း ဖွင့်လှစ်ထားရှိမည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)