ကံမ ၂၅ ဧပြီ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ရေနံ့သာကျေးရွာ အုပ်စု၊ အုပ်ရှစ်ကုန်းကျေးရွာမှ တောင်သူ ၁၅၀ တို့သည် ယနေ့နံနက်ပိုင်းတွင် ကံမမြို့၏ တောင်ဘက်မြို့အဝင်ဆိုင်းဘုတ်ရှေ့မှ စတင်၍ မြို့၏ မြောက်ဘက် မြို့ဦးစေတီ ရှေ့အထိ မြေယာလုပ်ကိုင်ခွင့်အတွက် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ထိုသို့ စီတန်းလှည့်လည်ရာတွင် အုပ်ရှစ်ကုန်းကျေးရွာနှင့် အနီးဆုံးရှိ မြေနုကျွန်းများကို မြေနုကျွန်းများဥပဒေနှင့်အညီ အမြန်ဆုံးချထားပေးရေးအစရှိသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒဖော်ခဲ့ကြကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းရရှိသည်။
MDN


